From Door-to-Door marketing to SMS marketing

အရင်တုန်းက Door-to-door marketing/door-to-door salesman ဆိုတာ ကြားဖူးကြမှာပါ။

ကျွန်တော်ဘယ်သူ/ကျွန်မဘယ်ဝါဆိုပြီး မိတ်ဆက်ပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ဝယ်သူရဲ့ အိမ်ရှေ့တံခါးဝအထိသွား pitch လုပ်ပြီးရောင်းချခဲ့တာပါ။

ယနေ့ခေတ်လို အနေအထားမျိုးနဲ့ပြန်ကြည့်ရင် တော်တော်ကြီးကို ကြောင်တောင်တောင်နိုင်တဲ့ အလုပ်တစ်ခုပါပဲ။ အခန့်မသင့်ရင် မချေမငံပြောဆိုမှုတွေ၊ ရိုင်းပျစော်ကားမှုတွေ အများကြီးကြုံ့တွေ့နိုင်တဲ့ အလုပ်တစ်ခု။

သူ့ခေတ်သူ့အခါနဲ့တုန်းက အဆင်ပြေခဲ့ကောင်းပြေခဲ့နိုင်ပေမယ့် အဆင်မပြေမှုမျိုးတွေလည်း သေချာပေါက်ကို အများကြီးရှိခဲ့မှာပဲ။ ဘာလို့လည်းဆိုတော့ တော်တော်များများက Door-to-door salesman တွေကို မကြိုက်ကြပါဘူး (လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဝန်းကျင်လောက် ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက ရန်ကုန်မြို့မှာ cosmetic တွေနဲ့ တခြား ပစ္စည်းတွေလာလာရောင်းတာ မကြာမကြာ ကြုံဖူးကြလိမ့်မယ်။ ကျွန်တော်ဆို ငယ်သေးတော့ “စိတ်မဝင်စားဘူး၊ဆောရီးပါ၊လူကြီးတွေ မရှိဘူး ခင်ဗျ” ဆိုပြီး ထွက်တောင်မတွေ့ပဲ သံပြတ်နဲ့ အော်ပြောနေကျ၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အနုကြမ်းစီးခံရမှာ ကြောက်လို့ပါ။ အခုနားလည်တက်တဲ့ အရွယ်ရောက်တော့မှ တကယ် သမ္မာအာဇီဝလုပ်တဲ့သူတွေကို အော်မိခဲ့တာကို အားနာနေမိတယ်၊ ကျွန်တော့်လိုလူမျိုး တစ်ရက်ကို ၅ယောက်လောက်ပဲတွေ့ရင်တောင် စိတ်ဓါတ်က မြေကြီးအောက် ရောက်လောက်ပြီ။ ကျွန်တော့်အမြင်အရတော့ မြန်မာနိုင်ငံလိုနေရာမျိုးမှာ fail ဖြစ်ခဲ့တဲ့ sales & marketing လို့ ပြောလို့ရမလားပဲ၊ မှားချင်လည်း မှားနိုင်ပါတယ်။)

ရည်ရွှယ်ချက်ကတော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို ဖြစ်နိုင်ချေရှိတဲ့ ဖောက်သည်လောင်းတွေဆီရောက်ချင်တဲ့ သဘောပါပဲ။ လူများများဆီရောက်လေ ကိုယ့် ကုန်ပစ္စည်းအကြောင်း လူသိပြီး ပေါက်ကွဲအားကောင်းလေပါပဲ။

ယနေ့ခေတ်လို နည်းပညာတွေပေါက်ကွဲထွက်ပြီး အရာရာတိုင်း စက္ကန့်နဲ့မလပ် ပြောင်းလဲနေသလို Sales & Marketing strategy, tips & techniques တွေဟာလည်း ထို့အတူ။

ဆိုတော့ door-to-door marketing နေရာမှာ SMS marketing က ရောက်လာတယ်လို့ ပြောလို့ရတယ်။ ကွာခြားချက်ကတော့ door-to-door က အရောင်းသမားတော်ရင် တော်သလို အရောင်းတစ်ခု ဖြစ်နိုင်ပေမယ့် sms marketing ကတော့ awareness & info ပဲပေးနိုင်မှာပါ။

အဓိက အားသာချက်ကတော့ sms marketing ဟာ ပေါက်ကွဲအား အရမ်းကောင်းပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်အသုံးပြုသူ ၄၅သန်းကျော်ခန့်ရှိပြီးဖြစ်သလို နောက်ပိုင်းမှာလည်း ထပ်တိုးသွားမယ့် အလားအလာတွေသာ ရှိပါတယ်။ မိမိဖုန်းထဲဝင်လာတဲ့ ကြော်ငြာကို လူတိုင်းဖတ်ချင်မှ ဖတ်ချင်ပေမယ့် door-to-door လိုတော့ အရမ်းကြီးစိတ်အနှောင့်အယှက် မဖြစ်လောက်ပါဘူး။

SMS Marketing သည် အသုံးပြုကြည့်ရှုရန်လွယ်ကူခြင်း SMS ကိုဖွင့်ကြည့်ရန်အတွက် မည်သည့် သီးခြား Application ကိုမှ Install ပြုလုပ်ရန် မလိုအပ်သလို၊ အင်တာနက် ဆက်သွယ်မှုလည်း မလိုအပ်သဖြင့် ကြည့်ရှု အသုံးပြုရန် အလွန်လွယ်ကူပါတယ်။ ဖွင့်ကြည့်နှှုန်းများခြင်း SMS များသည် လက်ခံသူ၏ ဖုန်းထဲတွင် အလိုအလျောက် သိမ်းဆည်းပေးထားသဖြင့် မဖျက်မချင်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ခြင်းသည်လည်း SMS Marketing ၏ အားသာချက်တစ်ခုဖြစ်ပြီး သေချာတာက sms marketing သည် သစ်ပင်တစ်ပင်မှ ခုတ်လှဲစရာမလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာပါပဲ။

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။