အရောင်းတက်စေမည့် အရောင် (၁၀) မျိုး

အရောင်းတွေရဲ့ သဘောသဘာဝနဲ့ စွမ်းအားကို ပန်းချီရေးတဲ့ အနုပညာသမားတွေ၊ graphic designers တွေ၊ marketing နဲ့ branding သမားတွေကောင်းကောင်းသိကြပါတယ်။ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ မိမိ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး တစ်ခု (တစ်ခုထက်မကနိုင်) ရှိတက်ပြီး အရောင်တွေရဲ့ အကြိုက်ကိုလိုက်ပြီး လူတစ်ယောက်ရဲ့ စိတ်အခြေခံကို ခန့်မှန်းကြည့်လို့ရပါတယ်။ ဘာလို့လည်းဆိုရင် အရောင်တွေမှာ အဓိပ္ပါယ်ရှိတယ်လေ။ မိမိရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ branding တည်ဆောက်မှုမှာလည်း အရောင်တွေက အဓိကကျတဲ့ အခန်းဏ္ဍကပါဝင်ပတ်သက်နေပြီး အောက်ဖော်ပြပါ အရောင်(၁၀)မျိုးကတော့ လူတွေကို လွှမ်းမိုးမှုအရှိဆုံးနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် branding တည်ဆောက်မှုမှာ အသုံးအများဆုံးအဖြစ် ထိပ်ဆုံးကပါဝင်နေပါတယ်။

1

အနီ

အနီ

အနီရောင်သည် စွမ်းအားဖြစ်စေတဲ့ အရောင်ပါ။ လူတော်တော်များများ လက်ခံထားကြတာကလည်း ရဲရင့်ခြင်း၊ခွန်အား၊စွမ်းအား၊စိတ်လှုပ်ရှားမှု၊ရာဂစတဲ့ အလှုပ်ဖက်ကို ပိုသွားသလို လူတွေရဲ့ အာရုံစိုက်မှုကိုလည်း ခဏလေး ရစေပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ အသုံးများသွားရင် ခေါတောဆန်ပြီး စိတ်တော်တော်ရှုပ်စေတယ်။

2

အပြာ

အပြာ

အပြာသည် အငြိမ်သဘောကိုဆောင်ပြီး သူ့ရဲ့ ဝိသေသလက္ခဏာတွေကတော့ ယုံကြည်လောက်ခြင်း၊ တည်ငြိမ်ခြင်း၊အာရုံစူးစိုက်မှု အားကောင်းခြင်းနဲ့ ခပ်မိုက်မိုက် ခံစားချက်တွေကို ပေးပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဘီးကျဲတွေလိုပေါ့။ အသုံးများကြတာကတော့ နည်းပညာကုမ္ပဏီတွေ၊ ဆေးကုမ္ပဏီတွေနဲ့ corporate တွေ အသုံးများကြပါတယ်။

3

ပန်းရောင်

ပန်းရောင်

ပန်းရောင်ကတော့ နူးညံ့သိမ်မွေ့ပျော့ပျောင်းမှုကိုဆောင်ပြီး မိန်းကလေးအတွက် အဓိက ရည်ရွယ်ပါတယ်။ ပန်းရောင်ဟာ လွတ်လပ်ပေါ့ပါးခြင်းနဲ့ ပျော်ရွှင်မှုကို ဖော်ဆောင်ပြီး ပန်းရောင်သုံးလို့တော့ မှားနိုင်ချေမရှိသလို ယောကျာ်းလေးတွေတောင် ပန်းရောင်ကို နှစ်သက်စွာ သုံးစွဲလာကြဖြစ်ပါတယ်။

4

အဝါ

အဝါ

အဝါရောင်သည်လည်း စွမ်းအားရှိတဲ့ အရောင်တစ်ခုဖြစ်ပြီး အသုံးမတက်ရင် အန္တရယ်အပေးနိုင်ဆုံး အရောင်တစ်ခုထဲပါဝင်လို့နေတယ်။ ဘာလို့လည်းဆိုရင် အဝါရောင်ရဲ့ မကောင်းတဲ့အချက်ကတော့ သတ္တိနည်းခြင်း၊ ကြောက်ရွံခြင်း၊ အာဃာတနဲ့ စိတ်ကျတက်တဲ့ သဘောကိုပေးတယ်။ ဂရိယဉ်ကျေးမှုမှာ အဝါရောင်ကို ဝမ်းနည်းတဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားပြီး ပြင်သစ်တွေကတော့ မနာလိုတဲ့ အရောင်အဖြစ် ဖော်ဆောင်ကြတယ်။ ကောင်းတဲ့ဖက်ကြည့်ရင်တော့ ယုံကြည်မှုရှိခြင်း၊ အကောင်းမြင်ခြင်းနဲ့ တီထွင်ဖန်တီးမှု အားအကောင်းဆုံး အရောင်အဖြစ် သတ်မှတ်ထားကြသလို color of psychology (အရောင်စိတ်ပညာ)မှာလည်း အဝါရောင်ကို ပျော်ရွှင်ခြင်းရဲ့ သင်္ကေတအဖြစ် လက်ခံထားကြတယ်။

5

အစိမ်း

အစိမ်း

အစိမ်းရောင်သည် နွေးထွေးပြီး ရင်းနှီးဖော်ရွှေမှုကို ခံစားရစေပါတယ်။ စိမ်းလန်းသာယာမှုကိုလည်း ဖော်ကြူးတဲ့အတွက် လူတော်တော်များများ ကြိုက်နှစ်သက်ကြပြီး ဖောက်သည်တွေကို စိတ်ကျေနပ်မှု ခံစားရရှိစေနိုင်တဲ့ အရောင်တစ်ခုဖြစ်တဲ့အပြင် ကြွယ်ဝချမ်းသာမှုနဲ့ စိတ်ထားကောင်းမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မကောင်းတဲ့အချက်ကတော့ နာဖျားမှု၊ လောဘကြီးမှုနဲ့ ပျင်းရိငြီးငွေ့ဖွယ်တို့လည်း ပေးစွမ်းနိုင်စေတယ်။

6

ခရမ်း

ခရမ်း

ခရမ်းရောင်သည် မြင့်မြတ်တော်ဝင်ခြင်းကို ဖော်ကြူးပြီး သင့်တင့်လျောက်ပတ်စွာသုံးတက်မယ်ဆိုရင် မိမိရဲ့ marketing materials မှာ အောင်မြင်ခြင်း၊ သြဇာသက်ရောက်ခြင်းကို ပေးစွမ်းစေမှာပါ။

7

ရွှေရောင်

ရွှေရောင်

မြန်မာတွေရဲ့ အကြိုက်ဆုံးအရောင် ဖြစ်မလားပဲ။ ရွှေရောင်ရဲ့ သဘောက ခရမ်းရောင်နဲ့ အဓိပ္ပါယ်တူပါတယ်။ ရွှေရောင်ကို ခရမ်း (သို့) အစိမ်းနဲ့ သေချာတွဲစပ်သုံးစွဲတက်မယ်ဆိုရင် အလွန်စွမ်းအားကောင်းပြီး အထက်တန်းစား ချမ်းသာကြွယ်ဝမှုကို ဖော်ညွှန်းပါတယ်။ သူ့ချည်းသီးသန့် အသုံးများသွားရင်တော့ မျက်စိကျိန်းစေတက်တယ်။

8

လိမ္မော်

လိမ္မော်

လိမ္မော်ရောင်သည် တက်ကြွ ပျော်ရွှင်ဖွယ်ကောင်းပြီး ခပ်မိုက်မိုက်နဲ့ လူငယ်ဆန်မှုကို ကိုယ်စားပြုပါတယ်။ လူငယ်ဆန်တဲ့အတွက် စွမ်းအင်ရှိတယ်လို့လည်း သတ်မှတ်နိုင်တယ်။ မိမိရဲ့ marketing materials တွေနဲ့ ကုန်ပစ္စည်း ထုတ်ကုန်တွေမှာ လိမ္မော်ရောင်ကို သုံးဖြစ်ခဲ့မယ်ဆိုရင် ဖောက်သည်တွေအတွက် နောက်ဆုံးပေါ်ကုမ္ပဏီနဲ့ဆက်ဆံနေတယ်လို့ ခံစားရစေမှာဖြစ်ပြီး တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ အသုံးများသွားရင်တော့ မသက်မသာဖြစ်စေတဲ့ ခံစားချက်ကို ပေးနိုင်တယ်။

9

အညို

အညို

အညိုရောင်ကို နှစ်သိမ့်မှု ပေးစွမ်းနိုင်တဲ့အရောင်အဖြစ် လူသိများကြတယ်။ သူ့ရဲ့ ဝိသေသလက္ခဏာတွေကလည်း ဣန္ဒြေကြီးခြင်း၊ ယုံကြည်ကိုးစားလို့ရခြင်းနဲ့ ဖောက်သည်တွေအတွက် စိတ်သက်သာတဲ့ ခံစားချက်ကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ မကောင်းတဲ့အချက်ကတော့ လေးလံထိုင်းမှိုင်းပြီး ရှေးရိုးဆန် ခေတ်နောက်ပြန်ဆွဲတဲ့ ခံစားချက်ကို ရရှိစေတယ်။

10

အနက်

အနက်

ကဲ…..အားလုံးစောင့်မျှော်နေကြတဲ့ ဂန္တဝင် အသည်းကျော် အနက်ရောင်! အနက်ရောင်ရဲ့ အထူးအားသာချက်ကတော့ အရောင်တော်တော်များနဲ့ ယှဉ်တွဲသုံးစွဲနိုင်ပြီး စွယ်စုံသုံးအရောင်တစ်ခုဖြစ်သလို အစဉ်အလာကြီးခြင်း၊ ခမ်းနားခြင်း၊ တည်ငြိမ်မှုနဲ့ စိတ်လှုပ်ရှားမှု စတဲ့ အစွန်းနှစ်ဖက်ဆန်တဲ့အပြင် မိမိ စိတ်ခံစားချက်အပေါ်လိုက်ပြီး စိတ်ကွန့်မြူးသလို တီထွင်ပုံဖော်လို့ရတဲ့ တစ်ခုတည်းသော အရောင်။ ဒါပေမယ့် သူ့မှာလည်း မကောင်းတာတွေရှိတယ်။ အဲဒါတွေကတော့ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ကြေကွဲဝမ်းနည်းပူဆွေးခြင်းနဲ့ မကောင်းမှုကို ရည်ညွှန်းတာတွေကတော့ သတိပြုစရာ။

ခင်ဗျားတို့ရော ကိုယ့်အလုပ်မှာ ဘယ်အရောင်ကို အသုံးများကြလဲ!
ကျေးဇူးတင်ပါတယ်…..?

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။