ရောင်းချမှုဆိုင်ရာ လိုက်နာရမည့် အချက်များ

  • ချိန်းဆိုတဲ့ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် ရောက်အောင်သွားပါ (အကြောင်းတစ်စုံတစ်ရာကြောင့် နောက်ကျမည်ဆိုပါက ကျွန်တော် ရေးထားတဲ့ Being late is unprofessional ထဲက အချက်များကို အသုံးပြုလို့ရပါတယ်)…။
  • ကိုယ် တာဝန်မယူနိုင်တဲ့ ကိစ္စကို တာဝန်မယူပါနဲ့ – ဆိုလိုရင်းက ရောင်းရပြီးရောဆိုပြီး ကတိတွေ စွတ်မပေးပါနဲ့။ နောက်ပိုင်း ကိုယ် ပြောတဲ့တိုင်းမလုပ်ပေးနိုင်ရင် နာမည်ပျက်တက်ပါတယ်..။ “No” လို့လည်း ပြောတက်ကြပါစေ။
  • ပြိုင်ဖက်ကို မပုတ်ချပါနဲ့ – အပုတ်ချခြင်းအားဖြင့် ကျင့်ဝတ်ပိုင်းအရ မကောင်းနိုင်သလို ပြိုင်ဖက်လည်း လူပိုသိလာနိုင်သလို ပိုပြီး ကြိုးစားချင်လာပါလိမ့်မယ်။ အကောင်းဆုံးကတော့ ပြိုင်ဖက်ရဲ့ အားနည်းချက်နှင့် မိမိ ဝန်ဆောင်မှု (သို့) ကုန်ပစ္စည်းရဲ့ အားသာချက်ကို ယှဉ်ပြပါ။
  • Customer/client နဲ့ ဘယ်တော့မှ မငြင်းခုံပါနှင့် တနည်းအားဖြင့်ဆိုသော် blame game တွေ သွားမဆော့ပါနဲ့။ ကိုယ် မှန်နေခဲ့လျှင်တောင် အလိမ္မာသုံးပြီး ပြောပြပါ။ ပြောမရလျှင် သည်းခံပြီးသာ နားထောင်ပေးလိုက်ပါ။
  • ကိုယ့်ရဲ့ စီးပွားဖက် partner နှင့် လုပ်ဖော်ကိုင်ဖက်တွေကို မယုံကြည်ဘူး မပြောပါနှင့်။
  • ချိန်းထားတဲ့ နေရာကို ယမကာသောက်ပြီး မသွားပါနှင့် (ဒီအချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ မရှိသလောက်ရှားပါတယ်) ဒါပေမယ့် အနောက်နိုင်ငံက old school အရောင်းသမားတွေကတော့ နေ့လည်စာကို Beer or Scott သောက်တက်ကြလို့ ဗဟုသုတအနေနဲ့ ထည့်ပေးလိုက်ရပါတယ်။
  • ဆွေးနွေးပွဲရဲ့ ဦးတည်ချက်ကို (ဘယ်တော့မှ) မပျောက်ပါစေနဲ့။
  • သူတပါးက ငြင်းဆန်လည်း မကြောက်ပါနဲ့။
  • ကိုယ့်အတွက်ကြောင့် အရောင်းအဝယ်ပျက်ခဲ့လျှင် တောင်းပန်ပါ။
  • ကိုယ့်ရဲ့ နေ့စဉ်အရောင်းမှတ်တမ်းကို စနစ်တကျပြုစုပါ။ ဒီအချက်က အရေးကြီးပါတယ်၊ လမ်းဘေးကုန်စုံဆိုင်လိုမျိုးတောင် စာရင်းဇယားရှိမှ အမြတ်/အရှုံးနဲ့ တစ်လတစ်လ ရောင်းအားတွေကို သိနိုင်မှာပါ။ ကိုယ့်ရဲ့ စီးပွားရေးဟာ ငွေကြေးပေါင်းများစွာနဲ့လည်း လည်ပတ်နေမယ် ဒါ့အပြင် လုပ်ငန်းကလည်း ကြီးထွားလာမယ်ဆိုရင် ERP (Enterprise Resource Plannin) လို့ခေါ်တဲ့လုပ်ငန်းခွင်သုံး ကွန်ပြူတာစနစ်ထဲက Accounting management & Customer Relationship Management တို့လို စနစ်မျိုးတွေ သုံးသင့်ပါတယ်။

ကျေးဇူးတင်ပါတယ်…..။

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။