ကိုယ်နဲ့ တခါမှအပြင်မှ မတွေ့ဖူး/မဆုံဖူးတဲ့ ဖောက်သည်ကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုနည်း

Business Development and Sale လုပ်ဖူးတဲ့သူတွေကတော့ cold calling လို့ခေါ်တဲ့ မိမိနဲ့ အပြင်မှာ တခါမှ မတွေ့ဖူး/မဆုံဖူးတဲ့သူတွေကို မိမိရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို ပြောဆိုရောင်းချတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စိမ်းမယ်မထင်ပါဘူး။ တယ်လီဖုန်းကနေ ဆက်သွယ်ပြောဆိုတဲ့အတွက် Telemarketing လို့လည်း ခေါ်လေ့ရှိတယ်။

ယနေ့ခေတ်လို Social selling, digital marketing, content marketing, email prospecting စတဲ့ နည်းပညာတွေ ခေတ်မစားခင် အချိန်ကာလတုန်းက အရောင်းသမားကောင်းတစ်ယောက်ဆိုတာကို တနေ့တနေ့ မိမိနဲ့ မသိတဲ့သူတွေကို ဖုန်းနှကြိမ်ခေါ်ပြီး ဘယ်လောက်ရောင်းနိုင်တယ်ဆိုတဲ့ ပေတဲ့နဲ့ တိုင်းတာခဲ့ကြပါတယ်။ တယ်လီဖုန်းစာအုပ်ထဲမှာတွေ့တဲ့ နံပါတ်တိုင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ဖောက်သည်တွေလို့ သတ်မှတ်ခဲ့ကြတာပါ။

ပြောင်းလဲနေတဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ပေါက်ကွဲထွက်လာတဲ့ခေတ်မှာ မွေးလာတဲ့ ၂၁ရာစု ဒစ်ဂျစ်တယ် မျိုးဆက်တွေရဲ့ တွေးခေါ်ပုံနဲ့ မတူကွဲပြားခြားနားတဲ့ အလုပ်လုပ်ပုံတွေကြောင့် cold calling ဟာ နောက် ငါးနှစ်၊ ဆယ်နှစ်နေရင် သေသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပေမယ့်လည်း cold calling ဟာ ယနေ့အထိ အရေးပါတဲ့ selling tool တစ်ခုဖြစ်လို့နေဆဲပါပဲ။

Cold calling ခေါ်ရခြင်းသည် မိမိနဲ့ အပြင်မှာ တခါမှ မတွေ့ဖူး/မဆုံဖူးတဲ့ ဖြစ်နိုင်ချေရှိတဲ့ ဖောက်သည်တွေကို ဖုန်းဆက်ရတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်သလို မကျွမ်းကျင်ရင် အရမ်းကို ကြောင်တောင်တောင်နိုင်တဲ့ အလုပ်တစ်ခုပါပဲ။

ဒီတော့ cold calling နဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

  • Don’t be such a lame – အူတိအူကြောင် မလုပ်ပါနဲ့၊ ဖုန်းခေါ်ပြီးမှ သူငယ်တန်းဖတ်စာ ရွတ်သလို “အာာ၊အီ၊အူ၊အေ” စတဲ့ စကားလုံးတွေနဲ့ အချိန်ဆွဲပြီး ဘာပြောရမှန်း မသိဖြစ်နေခြင်းဟာ တဖတ်လူကို စိတ်မရှည်နိုင်သလို ကိုယ်ကိုယ်တိုင်နဲ့ ကုမ္ပဏီရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။
  • Make a script – ကိုယ် ပြောချင်တာတွေကို ဇာတ်လမ်းတစ်ပုဒ်ရေးသလို ကြိုရေးထားပါ၊ ဒီတော့ အရေးကြီးတဲ့ အချက်တွေ မမေ့တော့ဘူးပေါ့။
  • Find the connections to break the ice – ၂၁ရာစုဟာ social media ခေတ်ပါ။ လူတစ်ယောက်အကြောင်းသိချင်ရင် ရှာရတာ သိပ်မခက်တော့ပါဘူး။ ဆိုတော့ မိမိ ဖုန်းဆက်ပြီး sales call လုပ်ချင်တဲ့သူရဲ့အကြောင်းကို social media ဆိုဒ်တွေမှာ ရှာဖွေပြီး မိမိနဲ့ တဖက်က ဖောက်သည်ရဲ့ကြားက တူညီတဲ့အကြောင်းအရာ တစ်ခုနဲ့ ရင်းနှီးမှုကို ရယူပါ။ “သူနဲ့ ကိုယ်နဲ့ တက်ခဲ့တဲ့ ကျောင်းတူတာမျိုး (သို့) တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နှစ်ယောက်စလုံးကရင်းနှီးတဲ့ ကြားခံလူတစ်ယောက်ယောက်နဲ့ သိနေတာမျိုး (သို့) ကိုယ် မွေးဖွားရာ ဇာတိ၊ မြို့ စတဲ့ တူညီတဲ့အကြောင်းအချက်တွေကိရှာပြီါ် မိတ်ဆက်ပြောဆိုခြင်းက သူစိမ်းမဆန်တဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်ပြီး တစ်ဖက်လူကို သက်တောင့်သက်သာရှိစေလို့ ပိုမိုကောင်းမွန်တဲ့ စကားပြောတစ်ခုကို ရရှိစေမှာပါ။
  • Make a joke – ပြောရင်းဆိုရင်းနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ဟာသလေးတွေ ထည့်ပြောနိုင်ရင် အကောင်းဆုံးပေမယ့် ဒါမျိုးက မကျွမ်းကျင်ရင် တစ်ဖက်ကလူကို မလေးစားရာဖြစ်စေနိုင်လို့ ဖင်မနိုင်ပဲ ပဲကြီးဟင်း မစားပါနဲ့လို့မှာပါရစေ။
  • Gain a trust – ဖုန်းစပြောတာနဲ့ မိမိ ဘယ်သူဘယ်ဝါဆိုတာကို စတင်မိတ်ဆက်ပြီး မမြန်လွန်း၊မနှေးလွန်းတဲ့ အသံနဲ့ တည်တည်ငြိမ်ငြိမ် စကားပြောဆိုပြီး တစ်ဖက်မှာ ဖုန်းလက်ခံပြောဆိုသူရဲ့ ယုံကြည်မှုကို ရယူပါ။
  • Be smart – ပါးနပ်ပြီး အရိပ်အကဲ သိပါ၊ တခါတလေ တစ်ဖက်လူက မအားလို့ ဖုန်းအကြာကြီး မပြောနိုင်တာကို အလိုက်ကမ်းဆိုး မသိပဲ ကိုယ် ပြောချင်တာတွေကို စွတ်မပြောပဲ တဖက်လူရဲ့ အချိန်ကို လေးစားပြီး ဘယ်အချိန်မှာ ပြန်ခေါ်လို့ ရမလဲဆိုပြီး ခွင့်တောင်းပါ။ ဖုန်းကိုလည်း မကိုင်မချင်း မခေါ်ပါနဲ့၊ နှစ်ခါမြည်ပြီးလို့မှ မကိုင်ရင် နောင်အချိန်တစ်ခုရောက်မှ ပြန်ခေါ်ပါ။

ဒီလောက်ဆိုရင် လုံလောက်ပြီလားမေးရင်တော့ မလုံလောက်သေးပါဘူ။ ဘယ်လိုအရာတွေနဲ့ နည်းလမ်းတွေက လုံလောက်မလဲလို့မေးလာရင်တော့ ဖုန်းတွေစဉ်ဆက်မပြတ်ခေါ်နေခြင်းက အတွေ့အကြုံကောင်းတွေ ရရှိစေနိုင်မှာဖြစ်ပြီး ဆိုးရွားတဲ့အတွေ့အကြုံတွေရရှိလာခဲ့ရင်တောင်မှ အမှားထဲက သင်ယူနိုင်ပြီး နောက်တစ်ကြိမ်ပိုမိုကောင်းမွန်လာအောင် ကြိုးစားနိုင်ပါတယ်။

You better start calling now as the phone won’t dial itself!

ကျေးဇူးတင်ပါတယ်…..။

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။