About Us

ABOUT CHARISMA

The Story of Charisma

အရောင်းအဝယ်ဆိုတာ ကမ္ဘာပေါ်မှာလူသားတွေ ယဉ်ကျေးမှုစတင်ပေါ်ပေါက်လာတဲ့အချိန်ကတည်းကရှိခဲ့တယ်လို့ယူဆနိုင်ပြီး ရောင်းမှုဝယ်မှုကိစ္စဆိုသည်မှာ သာမန်လူအရပ်သားတစ်ယောက်တောင် နေ့စဉ်ပြုလုပ်နေတဲ့အရာဖြစ်သလို ကုမ္ပဏီတွေအတွက်ဆို sales team သည် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ကျောရိုးလို့သတ်မှတ်လို့ရတယ်။ ရောင်းအားမရှိပဲ ဘယ်စီးပွားရေးမှ မရှင်သန်နိုင်။ ဒီလို sales team တွေရဲ့ အရေးပါပုံနှင့် မောင်းနှင်အားကို ကောင်းကောင်းသဘောပေါက်တဲ့US က ကုမ္ပဏီတွေသည် သူတို့အရောင်းသမားတွေအတွက် နှစ်စဉ် $5 Billions လောက် သင်တန်းပေးပြီး ရင်းနှီးမြုပ်နှံကြတယ်။

ဘာလို့လဲ?

အရင်တုန်းကတော့ စကားပြောကောင်းရင် အရောင်းသမားကောင်းဖြစ်ပြီ၊ လုပ်လို့ရပြီလို့ (ခပ်လွယ်လွယ်) ထင်ခဲ့ကြတယ်။ ဒါဟာ လုံးဝမမှန်တော့တဲ့ အယူအဆရင်တုန်းကတော့ စကားပြောကောင်းရင် အရောင်းသမားကောင်းဖြစ်ပြီ၊ လုပ်လို့ရပြီလို့ (ခပ်လွယ်လွယ်) ထင်ခဲ့ကြတယ်။ ဒါဟာ လုံးဝမမှန်တော့တဲ့ အယူအဆမှားတစ်ခုဖြစ်ပြီး ယမှားတစ်ခုဖြစ်ပြီး ယနေ့ခေတ် အစစအရာရာ ဘက်ပေါင်းစုံက လျှင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ sales နဲ့ ပတ်သက်တဲ့ နည်းလမ်းတွေလည်း ပြောင်းလဲလို့လာခဲ့ပြီ။

ယခုလိုပြောင်းလဲလာတဲ့ နည်းနာတွေကို ကျွန်တော်တို့ဆီက အရောင်းသမားတွေ မျက်ခြေမပြတ်လေ့လာနေဖို့လိုအပ်နေပြီး ကျန်ရစ်ခဲ့လို့မဖြစ်ပါဘူး။ ဒီလိုရည်ရွယ်ချက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရောင်းသမားတွေနှင့် ခေတ်သစ် sales ကို စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းမှုတစ်ခုအဖြစ် လုပ်ကိုင်ချင်တဲ့လူငယ်များအတွက် sales နဲ့ ပတ်သက်ပြီးသီးသန့်ကူညီပေးချင်တဲ့ စိတ်ကူးအိမ်မက်အကြောင်းခံပြီး Charisma ကို တည်ထောင်ခဲ့ခြင်းဖြစ်တယ်။

Charisma ရဲ့ အစကတော့ လွန်ခဲ့သောနှစ်နှစ် ၂၀၁၇ ဧပြီလောက်က Facebook ပေါ်မှာ စတင်မွေးဖွားခဲ့တယ်ဆိုရမယ်။ Charisma ရယ်လို့မဖြစ်လာခင် Sales Superhero ဆိုတဲ့ နာမည်နဲ့ page လေးတစ်ခုထောင် sales နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများကို ပုံမှန်ရေးသားတင်ဆက်ခဲ့ရာကနေ အစပြုခဲ့တယ်။ ယနေ့ Charisma သည် အရောင်းသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ blogs တွေ၊ awesome sales tips တွေနဲ့ အံ့သြဖွယ်ကောင်းတဲ့ နောက်ဆုံးပေါ် programs တွေနဲ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။

The background of the Founder​

 Charisma ကို သိဂါၤမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ သူသည် sales နဲ့ ပတ်သက်တဲ့ blog များကို အားလပ်ချိန်များတွင် ဝါသနာအရင်းပြု၍ ပုံမှန်ရေးသားလျက်ရှိပြီး အရောင်းသမားများအတွက် sales programs များကို ဖန်တီးလျက်ရှိသည်။ လက်ရှိအလုပ်တွင်လည်း clients အသစ်များနှင့် ဒေါ်လာသိန်းပေါင်းများစွာသော accounts များကို ရှာဖွေပေးလျက်ရှိပြီး ကုမ္ပဏီ၏ ထိပ်တန်းအရောင်းသမားအဖြစ်ရပ်တည်လျက်ရှိပါသည်။

ကျွန်တော်ပေးချင်တဲ့ message ကတော့ (၃)ခုထဲပါပဲ။

  1. Charisma ကို စတင်တည်ထောင်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်လို အရောင်းသမားတွေကို ခေတ်သစ် sales ပညာနဲ့ မိတ်ဆက်ပေးပြီး ကူညီချင်လို့ပါ။
  2. ဒါ့အပြင် အရောင်းသမားလို့ဆိုလိုက်တာနဲ့ အကျိုးရှိရှိ/မရှိရှိ ကိုယ့်ပစ္စည်း (သို့) ဝန်ဆောင်မှု ရောင်းရရင်ပြီးရောဆိုတဲ့ ကျင့်ဝတ်မရှိ/မသိတဲ့ အရောင်းသမားတွေကြောင့် saleperson လို့ ဆိုလိုက်ရင် သတိထားပြီးဆက်ဆံနေရတဲ့ ဝယ်သူတွေအတွက် ခေတ်သစ် salesperson သည် အရောင်းတစ်ခုဖြစ်ဖို့ထက် ဖောက်သည်တွေကို ကူညီဖို့ဆိုတဲ့ သဘောထားအမြင်ကို (ဝယ်သူတွေနဲ့ အရောင်းသမားတွေကိုရော) ပြောင်းလဲပေးချင်တာပါ။
  3. နောက်ဆုံးအချက်ကတော့ အဖေ ကျွန်တော့်ကို ဆုံးမနေကျစကားလေးအတိုင်းပါပဲ။ ကိုယ့် ပတ်ဝန်းကျင်က လူတွေကို (သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ) ကူညီနိုင်ခဲ့ရင် “ငါးတစ်ကောင် မပေးလိုက်ပါနဲ့။ ငါးဖမ်းနည်းကို သင်ပေးလိုက်ပါ” တဲ့။ ကျွန်တော်တို့ Charisma က ငါးဖမ်းနည်းကို သင်ပေးမှာပါ။ ကျေးဇူးတင်ပါတယ်…။